ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၏သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ခြင်းအခမ်းအနားအောင်မြင်စွာပြီးမြောက်ခြင်း

ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၏သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ်ဒီဇင်ဘာလ ၄ ရက်၊ညနေပိုင်းတွင် သမ္မတအိမ်တော်(မာလကာနဲန်နန်းတော်) တွင်ကျင်းပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊သမ္မတကြီး H.E. Mr. Rodrigo Duterte မှ သံအမတ်ကြီးခန့်အပ်လွှာကို လက်ခံခဲ့ပါသည်။

ရှေးဦးစွာသံအမတ်ကြီးဦးလွင်ဦးမှ Rizal Park တွင် လွမ်းသူပန်းခွေချပြီးနောက် သမ္မတအိမ်တော် တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပါသည်။ ထို့နောက်ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်လက်မှတ်ရေးထိုးပါသည်။

ထို့နောက်သမ္မတနန်းတော်ခန်းမတွင်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားပြုလုပ်ရာ သမ္မတကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Teodoro Lopez Locsic, Jr တက်ရောက်ပြီး သံအမတ်ကြီးနှင့်အတူ ဇနီး၊ သံမှုးကြီး ဦးတင်ဇော်၊ စစ်သံမှုး(ကြည်း၊ရေ၊လေ)ဗိုလ်မှုးချုပ်အောင်မျိုးအေး နှင့်သံရုံးဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ်ပြီးနောက် သမ္မတကြီးမှ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့်အခြားကိစ္စရပ်များကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ရာ သံအမတ်ကြီးမှ အပြန်အလှန်ဆွေးခဲ့ပါသည်။
ပြီးနောက်သမ္မတကြီးမှ သံအမတ်ကြီးခန့်အပ်လွှာပေးအပ်ပွဲ မှတ်တမ်းဓါတ်ပုံအယ်ဘမ်ပေးအပ်ခဲ့ပါသည်။

update news 01
update news 02
 
update news 03
update news 04
 
update news 05
update news 06
 
update news 07
update news 08
 
update news 09
update news 10
 
update news 11
 

Current Time



Yangon Time


Manila Time
 

Embassy of the Republic of the Union of Myanmar, Manila

Manila (GMT + 08:00)
address 8th Floor, Gervasia Corporate Centre, 152 Amorsolo Street, Legaspi Village, Makati City, Metro Manila
phone 00 63 (2) 893 1944
fax 00 63 (2) 892 8866
email [email protected]
website www.memanila.org